ပွဲရုံ/ဆိုင်ခန်း/ကားဂိတ် ပြင်ဆင်ခွင့် လျှောက်ထားခြင်း

၁။ Online မှပွဲရုံ/ဆိုင်ခန်း/ကားဂိတ် ပြင်ဆင်ခွင့်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့်အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

 

  • လျှောက်ထားသူ၏ လျှောက်လွှာ။
  • ပြင်ဆင်မည့် အတိုင်းအတာနှင့် အရွယ်အစားစစ်ဆေးခြင်း။
  • ပြင်ဆင်မည့် တည်နေရာ၊ မြေပုံကြမ်း စစ်ဆေးခြင်း။
  • ပြင်ဆင်မည့် ဆိုင်ခန်းတည်နေရာ၏ ဓာတ်ပုံမှတ်တမ်း။
  • ပြင်ဆင်မည့် ဆိုင်ခန်း၏အမည်ပေါက်စစ်ဆေးခြင်း။
  • အင်ဂျင်နီယာ၏ စစ်ဆေးချက်။
  • တာဝန်ခံအရာရှိ၏ စစ်ဆေးချက်။

 

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာစခန်းကွပ်ကဲမှုရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ကွင်းဆင်းစစ်ဆေး စဉ်ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံပါမည်။

 

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) ပွဲရုံ/ဆိုင်ခန်း/ကားဂိတ် ပြင်ဆင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။