လမ်းညွှန်ဆိုင်းဘုတ်လျှောက်ထားခြင်း

 

     လမ်းညွှန်ဆိုင်းဘုတ်များ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • (က) ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့လည်း လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါသည်။
  • (ခ) လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်)စည်ပင်သာယာလိုင်စင်(သို့မဟုတ်)ဝန်ကြီးဌာန/ ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားများ ပူးတွဲတင်ပြရပါမည်။
  • (ဂ) လျှောက်ထားသူသည် အထက်အပိုဒ်(ခ)ပါ အထောက်အထားများစာရင်းတွင်ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာခွင့်ပြုသည့်သူ၏ ကိုယ်စားလှယ်လွှဲစာ ပူးတွဲတင်ပြရပါသည်။
  • (ဃ) စိုက်ထူတပ်ဆင်မည့် နေရာပြဓါတ်ပုံ(မတပ်ဆင်မီ လက်ရှိမြင်တွေ့ရပုံနှင့် တပ်ဆင်ပြီးမြင်တွေ့ရမည့်ပုံအား ကွန်ပျူတာဖြင့် ပြင်ဆင်၍ တင်ပြရန်) ကာလာဖြင့် တင်ပြရပါသည်။
  • (င) တပ်ဆင်မည့် ဒီဇိုင်းပုံအား ကာလာဖြင့်တင်ပြရပါသည်။
  • (စ) တပ်ဆင်မည့် ဆိုင်းဘုတ်အတွက် တပ်ဆင်မည့်ဖရိန်၏ပုံစံများပူးတွဲတင်ပြရပါသည်။
  • (ဆ) အထက်အပိုဒ်(က) မှ(စ)ပါ အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(ရေနှင့်သန့်ရှင်းမှု) တို့ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စိစစ်ခွင့်ပြုပါသည်။
  • (ဇ) ခွင့်ပြုပါက ၃ပေ× ၁ပေ ၆လက်မ အရွယ်အစားဖြင့် တစ်နှစ်လုံးအတွက် တစ်ဖက်မြင်လျှင် ၅၀၀၀ဝိ/ - နှုန်းဖြင့် တွက်ချက်ကောက်ခံပါသည်။(လအလိုက်တွက်ချက် ကောက်ခံခြင်းမရှိပါ)
  • (ဈ) ဆိုင်းဘုတ်ခွန်များအား အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၏ ငွေစာရင်းခေါင်းစဉ် ၂-၀၃(၁-၀၃ -၀၅) ဖြင့် လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် နီးစပ်ရာဧရာဝတီဘဏ်သို့ ပေးသွင်းရပါသည်။

Back to Top