နံရံကပ်ဆိုင်းဘုတ်လျှောက်ထားခြင်း

 

နံရံကပ်ဆိုင်းဘုတ်များ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • (က) ဥက္ကဌ(မြိုနယ်စည်ပင်သာယာရေးကော်မတီ) သိုလည်းကောင်း၊ ဌာနမှူး(စီမံရေးရာဌာန) သိုလည်းကောင်း လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပတ် ပြည့်စုံစွာလျှောက်ထားရပါမည်။
  • (ခ) လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သိုမဟုတ်) ကုမ္ပဏီလိုင်စင်(သိုမဟုတ်)စည်ပင်သာယာလိုင်စင်(သိုမဟုတ်)ဝန်ကြီးဌာန/ ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားများ ပူးတွဲတင်ပြရပါမည်။
  • (ဂ) လျှောက်ထားသူသည် အပိုဒ်(ခ)ပါ အထောက်အထားစာရင်းတွင် ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာခွင့်ပြုသည့်သူ၏ ကိုယ်စားလှယ်လွှစာ ပူးတွဲတင်ပြရပါမည်။
  • (ဃ) စိုက်ထူတပ်ဆင်မည့် နေရာပြဓါတ်ပုံ (မတပ်ဆင်မီ လက်ရှိမြင်တွေ့ရပုံနှင့် တပ်ဆင်ပြီးမြင်တွေ့ရမည့်ပုံအား ကွန်ပျူတာဖြင့်ပြင်ဆင်၍ တင်ပြရန်) ကာလာဖြင့်တင်ပြရပါမည်။
  • (င) တပ်ဆင်မည့်ဒီဇိုင်းပုံအား ကာလာဖြင့်တင်ပြရပါမည်။
  • (စ) တပ်ဆင်မည့်ဖရိန်ပုံစံ၊ SEC ထောက်ခံချက် ပူးတွဲတင်ပြရပါမည်။
  • (ဆ) မိမိပိုင်သည့် (ခြံဝင်း၊ အဆောက်အအုံ) ဖြစ်ပါက ပိုင်ဆိုင်မှုမိတ္တူ တင်ပြရပါမည်။
  • (ဇ) မိမိပိုင်မဟုတ်သည့် (အဆောက်အအုံ) ဖြစ်ပါက မြေရှင်၊ အခန်းရှင်၏ ခွင့်ပြုချက်မူရင်းနှင့် ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူဖြင့် တင်ပြရပါမည်။
  • (ဈ) အထက် အပိုဒ်(က) မှ (ဆ) ပါ အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာမြိုနယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ တာဝန်ခံအင်ဂျင်နီယာ(အဆောက်အအုံ) တို ပါဝင်သောအဖွဲဖြင့် ကွင်းဆင်းစစ်ဆေး၍ ဌာနသိုပြန်လည်တင်ပြပါမည်။
  • (ည) မြိုနယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ စစ်ဆေးတင်ပြချက်အပေါ် ခွင့်ပြုရန်သင့်မသင့် ဒုတိယဌာနမှူး၊ ဌာနမှူးထံ တင်ပြပါသည်။ လိုအပ်ပါက ကော်မတီသိုတင်ပြခြင်း၊ EC တင်ပြခြင်းများ ဆောင်ရွက်ပါမည်။
  • (ဋ) ခွင့်ပြုပါက (၁) စတုရန်းပေလျှင် ၁၀၀၀ဝိ/- နှုန်းဖြင့် ခွင့်ပြုသည့်လမှစ၍ ဘဏ္ဍာရေးနှစ်ကုန်သည်အထိ လအလိုက်တွက်ချက်ကောက်ခံပါသည်။
  • (ဌ) ဆိုင်းဘုတ်ခွန်များအား စီမံရေးရာဌာန၏ ငွေစာရင်းခေါင်းစဉ် ၂-၀၈-၀၃-၀၅ ဖြင့် လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် မြိုတော်ဘဏ် (သိုမဟုတ်) နီးစပ်ရာ ဧရာဝတီဘဏ်သို ပေးသွင်းရပါသည်။

Back to Top