ကိုယ်ပိုင်ခြံဝင်းမြေစိုက် ဆိုင်းဘုတ်လျှောက်ထားခြင်း

 ကိုယ်ပိုင်ခြံဝင်းမြေစိုက် ဆိုင်းဘုတ်များ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • (က)  ဥက္ကဌ၊ မြိုနယ်စည်ပင်သာယာရေးကော်မတီသိုလည်းကောင်း၊ ဌာနမှူး၊ စီမံရေးရာဌာနသိုလည်းကောင်း လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါသည်။
  • (ခ) လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သိုမဟုတ်) ကုမ္ပဏီလိုင်စင်(သိုမဟုတ်)စည်ပင်သာယာလိုင်စင်(သိုမဟုတ်)ဝန်ကြီးဌာန/ ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားများ ပူးတွဲတင်ပြရပါမည်။
  • (ဂ) လျှောက်ထားသူသည် အထက်အပိုဒ်(ခ)ပါ အထောက်အထားများစာရင်းတွင်ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာခွင့်ပြုသည့်သူ၏ ကိုယ်စားလှယ်လွှစာ ပူးတွဲတင်ပြရပါသည်။
  • (ဃ) စိုက်ထူတပ်ဆင်မည့် နေရာပြဓါတ်ပုံ(မတပ်ဆင်မီ လက်ရှိမြင်တွေ့ရပုံနှင့် တပ်ဆင်ပြီးမြင်တွေ့ရမည့်ပုံအား ကွန်ပျူတာဖြင့် ပြင်ဆင်၍ တင်ပြရန်) ကာလာဖြင့် တင်ပြရပါသည်။
  • (င) တပ်ဆင်မည့် ဒီဇိုင်းပုံအား ကာလာဖြင့်တင်ပြရပါသည်။
  • (စ) တပ်ဆင်မည့် ဖရိန်ပုံစံ၊ SEC ထောက်ခံချက် ပူးတွဲတင်ပြရပါမည်။
  • (ဆ) မိမိပိုင်သည့်(ခြံဝင်း၊ အဆောက်အအုံ) ဖြစ်ပါက ပိုင်ဆိုင်မှုမိတ္တူ တင်ပြရပါသည်။
  • (ဇ) မိမိပိုင်မဟုတ်သည့်(အဆောက်အအုံ) ဖြစ်ပါက မြေရှင်၊ အခန်းရှင်၏ခွင့်ပြုချက်မူရင်းနှင့် ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူဖြင့် တင်ပြရပါသည်။
  • (ဈ) အထက်အပိုဒ်(က) မှ(ဆ)ပါ အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာမြိုနယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ တာဝန်ခံအင်ဂျင်နီယာ(အဆောက်အအုံ) တိုပါဝင်သောအဖွဲဖြင့် ကွင်းဆင်းစစ်ဆေး၍ ဌာနသိုပြန်လည်တင်ပြပါသည်။
  • (ည) မြိုနယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ စစ်ဆေးတင်ပြချက်အပေါ် ခွင့်ပြုရန် သင့်မသင့် ဒုတိယဌာနမှူး၊ ဌာနမှူးထံ တင်ပြပါသည်။ လိုအပ်ပါက ကော်မတီသို တင်ပြခြင်း၊EC တင်ပြခြင်းများ ဆောင်ရွက်ပါသည်။
  • (ဋ) ခွင့်ပြုပါက ၁ စတုရန်းပေလျှင် ၁၅၀၀ဝိ/ - နှုန်းဖြင့် ခွင့်ပြုသည့်လမှစ၍ ဘဏ္ဍာရေးနှစ် ကုန်သည်အထိ လအလိုက်တွက်ချက် ကောက်ခံပါသည်။
  • (ဌ) ဆိုင်းဘုတ်ခွန်များအား စီမံရေးရာဌာန၏ ငွေစာရင်းခေါင်းစဉ် ၂-၀၈-၀၃-၀၅ ဖြင့် လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် မြိုတော်ဘဏ် (သိုမဟုတ်) နီးစပ်ရာ ဧရာဝတီဘဏ်သို ပေးသွင်းရပါသည်။
  • (ဍ) ကိုယ်ပိုင်ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကိုသာ ခွင့်ပြုသည့်ဆိုင်းဘုတ်နေရာတွင် ခွင့်ပြုဒီဇိုင်းအတိုင်းသာ တပ်ဆင်ကြော်ငြာရန်။
  • (ဎ)  အခြားစီးပွားရေးကြော်ငြာများ ကြော်ငြာခြင်း(လုံးဝ) မပြုလုပ်ရန်။
  • (ဏ) အခြားစီးပွားရေးကြော်ငြာများ တပ်ဆင်ကြော်ငြာထားကြောင်း စိစစ်တွေ့ရှိပါက ခွင့်ပြုလုပ်ငန်းလိုင်စင်အား ပိတ်သိမ်းအရေးယူခြင်းခံရမည်ကို သိရှိလိုက်နာဆောင်ရွက်ရန်။
  • (တ) ကြော်ငြာဒီဇိုင်းပုံစံပြောင်းလဲတပ်ဆင်လိုပါက ပြောင်းလဲလိုသော ဒီဇိုင်းပုံစံနှင့်အတူ ခွင့်ပြုချက်ရယူလျှောက်ထားပြီး ဌာန၏ခွင့်ပြုချက်ရရှိမှသာ ဒီဇိုင်းပြောင်းလဲတပ်ဆင်ရန်။
  • (ထ) ခွင့်ပြုကြော်ငြာဆိုင်းဘုတ်အတွက် ဘဏ္ဍာရေးနှစ်အလိုက် သက်တမ်းတိုးဆောင်ရွက်ရန် တင်ပြခြင်း၊ သတ်မှတ်အခွန်ငွေပေးသွင်းခြင်းများ ဆက်လက်ဆောင်ရွက်ရန်။
  • (ဒ) ကြော်ငြာဆိုင်းဘုတ် ဆက်လက်ကြော်ငြာလိုခြင်းမရှိပါက ကြော်ငြာ ၊တိုင် အပြီးဖြုတ်သိမ်းရန်၊ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ မှတ်ပုံတင်စာရင်းမှ လျှော့ချနိုင်ရေး တင်ပြဆောင်ရွက်ရန်။

Back to Top