၄၅ပေ × ၁၅ပေ ကြော်ငြာဘုတ်များ ငှားရမ်းခွင့်လျှောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ 

 ၁။      အငှားချထားမည့် ကော်မတီပိုင် ၄၅ ပေ × ၁၅ ပေ ကြော်ငြာဘုတ်များအား အုပ်စု(၅)စု ခွဲခြားထားပြီး အုပ်စုအလိုက် (၁)နှစ် ငှားရမ်းခနှုန်းထားနှင့် တင်ဒါအာမခံကြေးငွေ(PO)နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

                   အုပ်စု            (၁)နှစ်ငှားရမ်းခနှုန်းထား (ကျပ်)                PO နှုန်းထား(ကျပ်)   

          (က)    A                           ၃၀၀ သိန်း                                            ၅၀ သိန်း

          (ခ )    B                           ၂၂၀ သိန်း                                             ၃၆ သိန်း

          (ဂ )    C                           ၁၆၅ သိန်း                                            ၂၇ သိန်း

          (ဃ)    D                           ၁၂ဝ သိန်း                                            ၂၀ သိန်း       

          (င )    E                           ၆ဝ သိန်း                                             ၁၀ သိန်း

 ၂။       လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ၍ www.ycdc.gov.mm တွင် (၁၆-၁-၂၀၂၆ မှ ၃၀-၁-၂၀၂၆ ထိ) Online စနစ်ဖြင့် လျှောက်ထားရမည်ဖြစ် ပါသည်-

(က)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ (နိုင်ငံခြားသားဖြစ်ပါက Passportမိတ္တူ၊ Visa မိတ္တူ နှင့် ကုမ္ပဏီအထောက်အထားမိတ္တူ)

(ခ )    တင်ဒါ အာမခံကြေး(PO) ပေးသွင်းချလံမိတ္တူ၊

 (ဂ)     အောက်ပါခွင့်ပြုမိန့်တစ်ခုခုဖြင့် ပူးတွဲလျှောက်ထားရမည်-

           (၁)     MIC ခွင့်ပြုမိန့်မိတ္တူ၊ (၂၀၂၆ ခုနှစ်ထိ အနည်းဆုံး ခွင့်ပြုသက်တမ်းရှိရမည် ဖြစ်ပါ သည်။)

            (၂)      ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ (၂၀၂၆ ခုနှစ်ထိ အနည်းဆုံး ခွင့်ပြုသက်တမ်းရှိရမည် ဖြစ်ပါသည်။)

            (၃)     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားသော လုပ်ငန်း လိုင်စင်တစ်ခုခု၊ (၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုလိုင်စင်

       ဖြစ်ရမည်။)

မှတ်ချက်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုသည့် လိုင်စင်မှအပ အခြားမည်သည့် စည်ပင်သာယာရေးကော်မတီ/ အဖွဲ့များ

က ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်ဖြင့် လျှောက်ထားခြင်းအား ခွင့်မပြုပါ။

၃။      အပိုဒ်(၂)ပါ ပူးတွဲတင်ပြရမည့် အထောက်အထားများ ပြည့်စုံမှုမရှိသော လျှောက်လွှာများ/ အချက်အလက် မှားယွင်းဖော်ပြထားသော လျှောက်လွှာများအား ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

၄။      ကြော်ငြာဘုတ်(၁)ခုချင်းစီအတွက် လျှောက်လွှာ(၁)စောင်စီ တင်သွင်းလျှောက်ထားရမည် ဖြစ်ပါ သည်။

၅။      လျှောက်ထားသူသည် အပိုဒ်၂(ဂ)ပါ ခွင့်ပြုမိန့်တစ်ခုခုဖြင့် ကြော်ငြာဘုတ်(၁)ခုအတွက် တစ်ကြိမ်သာ လျှောက်ထားရမည်။

၆။      အပိုဒ်၂(ဂ)ပါ ခွင့်ပြုမိန့်တစ်ခုခုတွင်ပါဝင်သော  လုပ်ငန်းရှင်(အဖွဲ့ဝင်ဦးရေ)မည်မျှပင် ရှိစေကာမူ ကြော်ငြာဘုတ်(၁)ခုအတွက်  တစ်ဦးသာ လျှောက်ထားရမည်။

၇။      ကြော်ငြာဘုတ်(၁)ခုအတွက် တင်ဒါအာမခံကြေး PO (၁)စောင်စီ တင်သွင်းလျှောက်ထားရမည် ဖြစ်ပါသည်။

၈။      ဘဏ်သို့ တင်ဒါအာမခံကြေး PO ပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ ဘဏ်၏ စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရမည်။

၉။      လျှောက်ထားသူသည် လျှောက်လွှာတွင် ကိုယ်တိုင် လက်မှတ်ရေးထိုးလျှောက်ထားရမည်။

၁၀။    အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော လျှောက်လွှာများအား ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

၁၁။    လျှောက်ထားသူသည် မိမိလျှောက်ထားသည့် ကြော်ငြာဘုတ်၏ မြေပြင်အခြေအနေ ကြိုတင် လေ့လာစစ်ဆေးပြီး လျှောက်ထားရမည်။ (ကြော်ငြာဘုတ်အမှတ်၊ ကြော်ငြာဘုတ်တည်နေရာမှားယွင်း လျှောက်ထားသည့်ကိစ္စသည် လျှောက်ထားသူ၏တာဝန်သာဖြစ်သည်။)

၁၂။     ကော်မတီသို့ပေးသွင်းရသည့် အခွန်အခကြွေးကျန်ရှိနေသူများ လျှောက်ထားခြင်းအား ခွင့်ပြု မည် မဟုတ်ပါ။

၁၃။    မဲနှိုက်အငှားချထားခြင်း အခမ်းအနား ဆောင်ရွက်သည့်နေ့၌ မဲနှိုက်ဆောင်ရွက်မည့် ခန်းမ အတွင်းသို့ လျှောက်ထားသည့် ဘုတ်အတွက် ပေးသွင်းထားသော PO မူရင်းနှင့်အတူ လျှောက်ထားသူ အပါအဝင်(၂)ဦး တက်ရောက်နိုင်သည်။ (ကိုယ်စားတက်ရောက်မည် ဆိုပါက လျှောက်ထားသူ၏ ကိုယ်စားလှယ်လွှဲစာ မူရင်းတင်ပြ၍ တက်ရောက်နိုင်သည်။)

၁၄။    မဲနှိုက်အငှားချထားဆောင်ရွက်ရာတွင် အုပ်စု(E)၊ အုပ်စု(D)၊ အုပ်စု(C)၊ အုပ်စု(B)၊ အုပ်စု(A) အစီအစဉ်အတိုင်း မဲနှိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (လိုအပ်ပါက အခြေအနေပေါ်မူတည်၍ မဲနှိုက် အငှားချထားခြင်းလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့၏ အစီအစဉ်အတိုင်း ပြောင်းလဲဆောင်ရွက် နိုင်သည်။)

၁၅။    မဲပေါက်၍ ကြော်ငြာဘုတ်ငှားရမ်းခွင့်ရရှိသူသည် မဲပေါက်သည့်ဘုတ်အတွက် ပေးသွင်းထား သည့် PO မူရင်းကို ခန်းမအတွင်းရှိ တာဝန်ရှိသူထံ ချက်ချင်း (မပျက်မကွက်)  အပ်နှံရမည်ဖြစ်ပါသည်။  ပျက်ကွက်ပါက  အမည်ပျက်စာရင်း  (Black   List) သတ်မှတ်ခြင်းခံရမည်ဖြစ်ပါသည်။ အဆိုပါ ကြော်ငြာဘုတ်အား အခြားလျှောက်ထားသူများကို  ထပ်မံမဲနှိုက်၍ အငှားချထားခြင်းအား ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၆။    မဲနှိုက်ခြင်းလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လုပ်ငန်း အဆင်ပြေ ချောမွေ့စေရေးအတွက် လျှောက်ထားသူလုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

၁၇။    မဲနှိုက်ဆောင်ရွက်မှုအစီအစဉ် ပြီးဆုံးပါက ငှားရမ်းခွင့်မရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းထားသော တင်ဒါအာမခံကြေး(PO)အား ပြန်လည်ထုတ်ယူ ဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၈။    မဲပေါက်၍ ငှားရမ်းခွင့်ရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းထားသော တင်ဒါ အာမခံကြေး PO အား လုပ်ငန်းအာမခံကြေး PG အဖြစ် ဆက်လက်ထားရှိပေးရမည်ဖြစ်ပါသည်။

၁၉။    မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် မဲပေါက်သည့်နေ့မှစ၍ ၃၁-၃-၂၀၂၆ ရက်နေ့ နောက်ဆုံး ထားပြီး ငှားရမ်းခြင်းအတွက် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုရမည်။

၂၀။     မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် စာချုပ်ချုပ်ဆိုရာတွင် အပိုဒ်(၂)ပါ အထောက်အထား အပြည့် အစုံ (၁)စုံ ပူးတွဲတင်ပြရမည်။

၂၁။     မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် သတ်မှတ်ရက်အတွင်း လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင် ခြင်းမရှိဘဲ ပျက်ကွက်ပါက ပေးသွင်းထားသော တင်ဒါအာမခံကြေး(PO)ငွေအား  ကော်မတီဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရမည် ဖြစ်သည့်အပြင် အမည်ပျက်စာရင်း (Black List) သတ်မှတ်ခြင်းခံရမည် ဖြစ်ပါသည်။

၂၂။     မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် ငှားရမ်းခွင့်ရရှိသော ကြော်ငြာဘုတ်နှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန် အပါအဝင် အစိုးရဌာနအဖွဲ့အစည်းများက သတ်မှတ်ထားသောအခွန်အခများ ပေးဆောင်ရမည်ဖြစ်ပါသည်။

၂၃။     မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုရာတွင် ငှားရမ်းခွင့်ရရှိသူ ကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက ငှားရမ်းခွင့်ရရှိသူမှ တရားဝင် General Power သို့မဟုတ် Special Power ဖြင့် လွှဲအပ်ခြင်းခံရသူအား ချုပ်ဆိုခွင့်ပြုမည်ဖြစ်ပါသည်။

၂၄။     မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်အတွက်  ငှားရမ်းခငွေများ အား အောက်ပါအတိုင်း(၃)ကြိမ်ခွဲ၍ အရစ်ကျပေးသွင်းရမည်ဖြစ်ပါသည်-

(က)    ပထမအကြိမ်      ။    ငှားရမ်းခကျသင့်ငွေ၏ ၄၀ % အား ၃၀-၄-၂၀၂၆ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်။

(ခ )    ဒုတိယအကြိမ်    ။    ငှားရမ်းခကျသင့်ငွေ၏  ၃၀ %   အား    ၃၁-၇-၂၀၂၆    ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်။

(ဂ )    နောက်ဆုံးအကြိမ် ။   ငှားရမ်းခကျသင့်ငွေ၏ ၃၀ %   အား ၃၁-၁၀-၂၀၂၆ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်။

၂၅။    အထက်အပိုဒ်(၂၄) ပေးသွင်းရမည့် ငှားရမ်းခငွေများအား သတ်မှတ်ထားသည့်ရက်အတွင်း ပေးသွင်းခြင်းမရှိဘဲ ပျက်ကွက်ပါက အငှားချထားခြင်းခံရသူမှ ပေးသွင်းထားသော တင်ဒါအာမခံ PO ငွေအား  ကော်မတီပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည့်အပြင် လုပ်ငန်းရှင်အား အမည်ပျက် စာရင်း (Black List) သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အငှားချထားသည့် ကြော်ငြာဘုတ်နှင့် ပတ်သက်၍ ကော်မတီ၏ အစီအစဉ်ဖြင့်ဆက်လက် စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၆။     လုပ်ငန်းအာမခံအဖြစ် ပေးသွင်းထားသော PO ငွေအား နောက်ဆုံးအကြိမ် ပေးသွင်းရာတွင် ခုနှိမ် ပေးသွင်းရမည် ဖြစ်ပါသည်။

၂၇။     ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်တွင် ကြော်ငြာတပ်ဆင်ရန်အတွက် ကြော်ငြာဘုတ် တည်ရှိရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ခွင့်ပြုချက်ရယူ ဆောင်ရွက် ရမည်။

၂၈။     ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်တွင် တပ်ဆင်မည့် ကြော်ငြာဒီဇိုင်းနှင့်ပတ်သက်၍ ဒီဇိုင်း သတ်မှတ်ချက်နှင့်အညီ တပ်ဆင်ကြော်ငြာရမည်။

၂၉။     ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်များတွင် တပ်ဆင်ထားသော ကြော်ငြာများနှင့် ပတ်သတ်၍ ခွင့်ပြုကာလကုန်ဆုံးပါက ဖြုတ်သိမ်းရန်နှင့် ဖြုတ်သိမ်းရန်ပျက်ကွက်ပါက ကော်မတီ၏အစီအစဉ်ဖြင့် ဖြုတ်သိမ်းပြီး အငှားရရှိသူမှ ကုန်ကျစရိတ်ကိုပေးဆောင်ရမည်။

၃၀။    ငှားရမ်းခွင့်ရရှိသူသည် ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်ကို အခြားသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ကိုယ်စားလှယ်လွှဲအပ်ခြင်း၊ တစ်ဆင့်ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ အပ်နှံခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရ။

၃၁။    မဲနှိုက်လျှောက်ထားခြင်းမရှိဘဲ လစ်လပ်ကျန်ရှိနေသည့် ကြော်ငြာဘုတ်များကို ကာလတို၊ ကာလရှည် ငှားရမ်းလိုပါက ငှားရမ်းခ ကျသင့်ငွေအား ကြိုတင်ပေးသွင်းစေပြီး ငှားရမ်းခွင့်ပြုသွားမည် ဖြစ်ပါသည်။ 

၃၂။     ကြော်ငြာဘုတ်မဲနှိုက်အငှားချထားခြင်းနှင့် စပ်လျဉ်း၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။

 

ကြော်ငြာဘုတ်အငှားချထားခြင်းလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့

 

 

 

နမူနာပုံစံ

 

 

သို့

          ဌာနမှူး

          စီမံရေးရာဌာန

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

 

ရက်စွဲ၊  ၂၀၂၆ ခုနှစ်             လ            ရက်

 

အကြောင်းအရာ။  ကြော်ငြာဘုတ် ငှားရမ်းခွင့်ပြုရန် လျှောက်ထားခြင်း

 

၁။           အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်/ကျွန်မ --------------------------------------------------၊ နိုင်ငံသားအမှတ် ---------------------------------------------သည် အမှတ် (------------------------)၊ -------------------------------------------------- လမ်း၊ ------------------------------- ရပ်ကွက်၊ -----------------------------------------မြို့နယ်တွင် ဖွင့်လှစ်လျက် ရှိသော---------------------------------------------------လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပါသည်။

 ၂။            ကျွန်တော်/ကျွန်မတို့အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စိုက်ထူထားသော  ၄၅ × ၁၅  ကြော်ငြာဘုတ်များအနက် -----------------------------------------------------------------------------မြို့နယ်၊  ---------------------------------------------------------------------------------------------------ရှိ အုပ်စု(        )တွင် ပါဝင်သော ကြော်ငြာဘုတ်အမှတ်     (                       )အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ငှားရမ်းရယူလို ပါသည်။

 ၃။      ကြော်ငြာဘုတ်ငှားရမ်းခွင့်လျှောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ငှားရမ်းခွင့်ရရှိပါက သတ်မှတ်ထားသောနှုန်းထားအတိုင်း ပေးသွင်းမည်ဖြစ်ပါကြောင်း ကတိပြုလျှောက်ထားအပ်ပါသည်။

 

 

 

                                                                                                                                                           လေးစားစွာဖြင့်

လက်မှတ်

______________________________________________________

အမည်

______________________________________________________

နိုင်ငံသားအမှတ်

______________________________________________________

 

 

ကုမ္ပဏီ/ လုပ်ငန်း

______________________________________________________

နေရပ်လိပ်စာ

______________________________________________________

______________________________________________________

ဖုန်းနံပါတ်

______________________________________________________

 

 

 

 

 

 

 

 

 

Back to Top