အဆောက်အအုံသက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
အဆောက်အအုံ သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -
၁။ ဌာနသတ်မှတ်လျှောက်လွှာ
(က) ဆောက်လုပ်ခွင့် သက်တမ်းတိုး လျှောက်လွှာပုံစံ
(ခ) မြေရှင်၏GP/SP မှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(မြေရှင်၊ GP/SP)(A4 Sizeတစ်မျက်နှာတည်းတွင်အပေါ်/အောက်ကူးရန်)
၃။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ(၁) ရွက်
၄။ ဆောက်လုပ်ခွင့်ပြုပုံစံ(Drawing)မိတ္တူ(၁)စုံ
၅။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ