အဆောက်အအုံအသစ်(အရပ်စာချုပ်) ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
မြေပိုင်ဆိုင်မှုအရပ်ကတိစာချုပ်ဖြင့် ၃ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများ
၁။ ဌာနသတ်မှတ်လျှောက်လွှာ
(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ
(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာမှ တင်ပြရန်
(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်
(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်တင်ပြရန်
(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်
(စ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှတာဝန် ယူကြောင်း ခံဝန်ကတိ တင်ပြရန်
(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ
(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်
(ဈ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ်/အောက်ကူးရန်)
၃။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ
၄။ မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ(A3 Size)
၅။ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ(A3 Size)
၆။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ
၇။ ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြံပြုချက်
မှတ်ချက်။ အမှတ်စဉ်(၃)သည် မိတ္တူမှန်ဖြစ်ရန်အတွက် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးမည် ဖြစ်ပါသည်။
