Back to Top

အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်ခွင့် ဆိုင်ရာ သိကောင်းစရာအချက်အလက်များ

  • တိရစ္ဆာန်တွင် Microchip ထည့်သွင်းခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ကောင်းစွာနားလည်လက်ခံပါကြောင်း ဝန်ခံကတိပြုရပါမည်။

 

  • မည်သူမဆို မြို့တော်နယ်နိမိတ်အတွင်း အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) ကို သိမ်ဆည်း၊ ထိန်းသိမ်း‌၊ မွေးမြူလိုပါက ဌာနတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်။ ***
  • မည်သူမဆို အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်)  ကို သတ်မှတ်ကာလအတိုင်း ကာကွယ်ဆေးထိုးနှံပြီးမှသာ မွေးမြူရမည်။ ***
  • မည်သူမဆို အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) မှတ်ပုံတင်ခကို ဌာနက သတ်မှတ်နှုန်းထားအတိုင်း ပေးသွင်းရမည်။ ***
  • အများပြည်သူဆိုင်ရာနေရာ၌ သွားလာနေထိုင်ထားရှိသော လေလွင့်တိရစ္ဆာန်ကို မှတ်ပုံတင် လုံးဝ ခွင့်မပြုပါ ***
  • မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ခွေး၊ ကြောင်များကို သိမ်းဆည်းခြင်း၊ ထိန်းသိမ်းခြင်း၊ မွေးမြူခြင်း၊ ရောင်းချခြင်းမပြုရ။ ***
  • မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ထိန်းကျောင်းသူမပါရှိပဲ ခွေးနှင့်ကြောင်များကို လွှတ်ကျောင်းခြင်း၊ ဆွဲယူခြင်းမပြုရ။ ***
  • ထိန်းကျောင်းသူမရှိပဲ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် တွေ့ရှိရသည့် ခွေး၊ ကြောင်အား မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ထားသည်ဖြစ်စေ လေလွင့်တိရစ္ဆာန်အဖြစ်သတ်မှတ်၍ ရှင်းလင်းဆောင်ရွက်ခြင်းခံရမည်။ ***