တိရစ္ဆာန်မွေးမြူခွင့် ဆိုင်ရာ သိကောင်းစရာအချက်အလက်များ
မြို့ တော် နယ်နိမိတ်အတွင်း လူတို့၏အစားအစာအလို့ငှာ တိရစ္ဆာန်များကို တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ မွေးမြူခွင့်မရှိသောမြို့နယ်များမှာ အောက်ပါအတိုင်းသတ်မှတ်ခဲ့ပါသည်-
- တောင်ဥက္ကလာပမြို့နယ်
- ဗဟန်းမြို့နယ်
- ဒဂုံမြို့နယ်
- စမ်းချောင်းမြို့နယ်
- ကြည့်မြင်တိုင်မြို့နယ်
- အလုံမြို့နယ်
- ဆိပ်ကမ်းမြို့နယ်
- လမ်းမတော်မြို့နယ်
- လသာမြို့နယ်
- ပန်းဘဲတန်းမြို့နယ်
- ကျောက်တံတားမြို့နယ်
- ဗိုလ်တထောင်မြို့နယ်
- ပုဇွန်တောင်မြို့နယ်
- မင်္ဂလာတောင်ညွှန့်မြို့နယ်
- တာမွေမြို့နယ်
- ရန်ကင်းမြို့နယ်
- ကမာရွတ်မြို့နယ်
- လှိုင်မြို့နယ်
- မရမ်းကုန်းမြို့နယ် တို့ဖြစ်ပါသည်။
ယခုအခါ လူဦးရေထူထပ်လာသည့်မြို့နယ်အချို့တွင် မွေးမြူခွင့်မပြုသည့်မြို့နယ်များအဖြစ် မလွဲမသွေအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မူလသတ်မှတ်ခဲ့သော (၁၉)မြို့နယ် အပြင် အောက်ပါ(၃)မြို့နယ်ကို မွေးမြူခွင့်မရှိသောမြို့နယ်အဖြစ် ထပ်မံတိုးချဲ့၍ သတ်မှတ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်-
- သဃင်္န်းကျွန်းမြို့နယ်
- သာကေတမြို့နယ်
- ဒေါပုံမြို့နယ်