Back to Top

တိရစ္ဆာန်အရှင်ရောင်းချခွင့် ဆိုင်ရာ သိကောင်းစရာအချက်အလက်များ

  • မြို့တော်နယ်နိမိတ်အတွင်း တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်း၊ ထိန်းကျောင်း ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ စီးနင်းခြင်းတို့နှင့်ဆိုင်ရာ စည်းကမ်းများသတ်မှတ်ခြင်း၊ စိစစ်ခွင့်ပြုခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊
  • မြို့တော်နယ်နိမိတ်အတွင်း အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းများအား စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း၊ တားမြစ်ခြင်း၊ တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း၊ရောဂါကာကွယ် ဆေးထိုးခြင်း။
  • မြို့တော်နယ်နိမိတ်အတွင်း မွေးမြူရေးတိရစ္ဆာန်မွေးမြူခွင့်ရှိသော မြို့နယ်များတွင်  မွေးမြူရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ခွင့်ပြုခြင်း၊ တားမြစ်ခြင်း၊ သတ်မှတ် စည်းကမ်းများနှင့် ညီညွတ်မှုမရှိပါက လိုင်စင်ပယ်ဖျက်ခြင်း၊ ဖယ်ရှားခြင်းနှင့် လိုအပ်ပါက  တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း။
  • တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ ဆောက်လုပ်၍ စည်းကမ်းမဲ့ သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင် ရွက်ခြင်း၊
  • မြို့တော်နယ်နိမိတ်အတွင်း အလှမွေးငါးနှင့် အိမ်မွေးတိရစ္ဆာန်များ အရှင်ရောင်းချ မှုကို စည်းကမ်းများသတ်မှတ်ခြင်း၊ စိစစ်ခွင့်ပြုခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊
  • မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် မွေးမြူထားသော တိရစ္ဆာန် များ၊ အိမ်မွေးတိရစ္ဆာန်များကျန်းမာရေး၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း၊
  • ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် ပတ်၀န်းကျင်သန့်ရှင်း သာယာလှပရေးကို ထိခိုက်စေနိုင်သည့် ခွေးလေခွေးလွင့်၊ မြေကြွက်နှင့် ကျီးကန်း များကို သုတ်သင်ရှင်းလင်းခြင်း၊
  • ရောဂါစွဲကပ်နေသည့် မည်သည့်တိရစ္ဆာန်ကိုမဆို သင့်လျော်သည့်နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊
  • မြို့တော်နယ်နိမိတ်အတွင်းတိရစ္ဆာန်ဆေးကုခန်းများတည်ထောင်ဖွင့်လှစ်ခြင်း။