အိမ်ရေဆက်သွယ်ခြင်းဆိုင်ရာ သိကောင်းစရာ အချက်အလက်များ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကော်မတီ၏ ရေပိုက်လိုင်းဖြင့်ဖြန့်ဝေသော ဧရိယာများတွင် ရေဆက်သွယ်လိုပါက သက်ဆိုင်ရာ ခွင့်ပြုမိန့်အမျိုးအစားအလိုက် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) သို့လျှောက်ထားရပါမည်။
ဆက်သွယ်လိုသည့် ရေသွယ်အမျိုးအစားအလိုက် လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲ၍ ရေဆက်သွယ်ခွင့်လျှောက်လွှာတွင် ဖြည့်စွက်ပြီး မြို့တော်ခန်းမစုဝေးခန်းမကြီးတွင် အမှုတွဲဖွင့်လှစ်ရပါမည်။အမှုတွဲများစိစစ်လက်ခံပေးခြင်းကို ရေပေးရေးဌာနခွဲ အိမ်ရေဆက်သွယ်ရေး ဌာနစုမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁။ ရေဆက်သွယ်ခွင့်ပြုပါရန် လျှောက်ထားရာတွင် ရေဆက်သွယ်ခွင့်ပြုမိန့်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည် -
- အိမ်ဟောင်းရေဆက်သွယ်ခွင့် - အဆောက်အအုံပြုပြင်တည်ဆောက်ခြင်းမရှိပဲရေသုံးစွဲလိုခြင်း။
- ယာယီရေဆက်သွယ်ခွင့် - အဆောက်အအုံအသစ်ဆောက်လုပ်ရာတွင် ရေသုံးစွဲလိုခြင်း။
- အပြီးသတ်ရေဆက်သွယ်ခွင့် - အဆောက်အအုံဆောက်လုပ်ပြီးစီး၍ ရေဆက်လက်သုံးစွဲလိုခြင်း။
- ရေပိုဆက်သွယ်ခွင့် - မူလရေသွယ်လိုင်းမှမယူဘဲ သီးခြားရေလိုင်း သုံးစွဲလိုခြင်း။
- ဆင့်ပွားရေဆက်သွယ်ခွင့် - မူလရေသွယ်လိုင်းမှရေလိုင်းခွဲ၍ သုံးစွဲလိုခြင်း။
- ရေပိုက်လိုင်းပြောင်းရွှေ့ ဆက်သွယ်ခွင့် - ရေအားနည်းသဖြင့်မူလရေသွယ်လိုင်းအား ပိတ်သိမ်းပြီး ရေပိုက်ပြောင်းရွှေ့သုံးစွဲလိုခြင်း။
- ရေစုပ်စက်တပ်ဆင်ခွင့် - ရေစုပ်စက်တပ်ဆင်သုံးစွဲလိုခြင်း။
၂။ ရေဆက်သွယ်ခွင့်ပြုပါရန်လျှောက်ထားရာတွင် အမျိုးအစားအလိုက် အောက်ဖော်ပြပါအချက်အလက်များကို scan ဖတ်ပြီး attach file တွင်ပူးတွဲတင်ပေးရမည်
- အိမ်ဟောင်းရေဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောရေဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- လျှောက်ထားသူ၏ ခြံ၊ မြေ၊ အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
- မိလ္လာခွင့်ပြုမိန့်မိတ္တူ(သို့) ပူးတွဲလျှောက်ထားစေခြင်း
- ယာယီရေဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောယာယီရေဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- မြေပုံမြေရာဇဝင်မိတ္တူ
- အဆောက်အအုံခွင့်ပြုမိန့်ပုံစံမိတ္တူ
- မိလ္လာခွင့်ပြုမိန့် ပူးတွဲလျှောက်ထားစေခြင်း
- အပြီးသတ်ရေဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောအပြီးသတ်ရေဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- ယာယီရေဆက်သွယ်ခွင့်ပြုမိန့်
- မိလ္လာခွင့်ပြုမိန့်မိတ္တူ
- အဆောက်အအုံခွင့်ပြုမိန့်မိတ္တူ(မူလအဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမိန့်နှင့်ကွဲလွဲပါက ပြုပြင်ပြီးခွင့်ပြုမိန့်မိတ္တူ)
- ရေပိုဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောရေပိုဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
- မြေရှင်(သို့) မူလရေဆက်သွယ်ခွင့်ပြုမိန့်ရရှိပြီးသူ၏ သဘောတူခွင့်ပြုချက်
- သဘောတူညီချက်မတင်ပြနိုင်ပါက သက်ဆိုင်ရာရက်ကွက်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်း၏ အမှန်တကယ် ရေအခက်အခဲရှိကြောင်းထောက်ခံချက်
- ဆင့်ပွားရေဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောဆင့်ပွားရေဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
- မူလရေဆက်သွယ်ခွင့်ရရှိသူ၏သဘောတူခွင့်ပြုချက်
- ရေပိုက်လိုင်းပြောင်းရွှေ့ ဆက်သွယ်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောရေဆက်သွယ်ခွင့်အဆိုပြုပုံစံ(၂)စုံ
- လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
- ရေစုပ်စက်တပ်ဆင်ခွင့်
- ဌာနမှသတ်မှတ်လျှောက်လွှာ
- လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- လိုင်စင်ရပိုက်ဆက်ဆရာမှလက်မှတ်ရေးထိုးထားသောရေစုပ်စက်တပ်ဆင်ခွင့် အဆိုပြုပုံစံ(၂)စုံ
- လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
- အဆောက်အအုံသစ်ဖြစ်ပါက အဆောက်အအုံခွင့်ပြုမိန့်ပုံစံမိတ္တူ