ညောင်ပင်လေးဈေး၏ အကြောင်းအရာများ


တည်နေရာ - ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ၇ရပ်ကွက်၊ လမ်းမ‌တော်လမ်းနှင့် ကမ်းနားလမ်းထောင့်
မြို့နယ် - လမ်းမတော်မြို့နယ်
အကျယ်အဝန်း - ၁.၇၈၄
ဆိုင်ခန်းအရေအတွက် - ၁၀၇၃ ခန်း
ဆိုင်ခန်းလွတ်အရေအတွက် - ၀ ခန်း
စတင်ဖွင့်လှစ်သည့်ခုနှစ် - ၂၃.၀၃.၁၉၉၇
ဈေးအဆင့် - (က) အဆင့်
တာဝန်ခံအမည် - ယုဇနဆောက်လုပ်ရေး
ဆောက်လုပ်သည့်ကုမ္ပဏီ - ယုဇနဆောက်လုပ်ရေး
ဈေး၏ထူးခြားချက် - ယုဇနကုမ္ပဏီပိုင်၊ ကိုယ်ပိုင်စျေးနှင့် အဆောင်(A,B,C) လူနေခန်းများနှင့် တွဲလျှက်ရှိသည်။
စျေးသမိုင်းအကျဉ်း -

၁၉၄၅−၄၆ခုနှစ်တွင် လမ်းမတော်ယာယီဈေးဟုပေါ်ပေါက်ခဲ့ပြီး ၁၉၆၈ခုနှစ်တွင် ညောင်ပင်လေးကမ်းနားဈေးအဖြစ်  ကိုယ်ထူကိုယ်ထတဲတန်းဈေးဖြစ်ခဲ့ပါသည်။ ၁၉၇၂ခုနှစ်တွင် ယာယီတဲတန်းဈေးအား ဖျက်သိမ်းပြီး ဈေးရုံ(၃)ရုံဖြင့် (၅')ပတ်လည်  ဆိုင်ခန်းနေရာများ စနစ်တကျ နေရာပေးဖွင့်လှစ်ခဲ့ပါသည်။ (၉.၉.၁၉၉၄)ရက်နေ့တွင် လမ်းမတော်မြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်ဇော်ဂျီလမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်လပ်တွင် ဈေးရုံ(၂၆)ရုံနှင့် ဆိုင်ခန်းပေါင်း(၁၀၁၆)ခန်းအား ယာယီဈေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး (၂၅.၁၂.၁၉၉၆)ရက်နေ့တွင် ဈေးရုံ(၃၀)ရုံ၊ ဆိုင်ခန်းပေါင်း (၇၇၆)ခန်းအား မင်းရဲကျော်စွာလမ်းနှင့် စွမ်းအင်ဝန်ကြီးရုံးရှေ့မြေကွက်လပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ယာယီညောင်ပင်လေးဈေးမှ ညောင်ပင်လေးဈေးသစ်ကြီးသို့ (၂၃.၃.၉၇)ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

Back to Top