ကားအရောင်းပြခန်းလုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေ/အုပ်၊ခရိုင်ထွေ/အုပ်မှ တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိမှသာ အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြောင်းကြားစာ
(ဃ) အခွန်ဦးစီးဌာန၏ အခွန်ကြိုတင်ပေးဆောင်ပြီးကြောင်း အထောက်အထား
(င) မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ မော်တော်ယာဉ်တင်သွင်း ရောင်းချခွင့်ပြုလက်မှတ်
(စ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။
၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာ ရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၄။ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်း လိုင်စင်ခွင့်ပြုချက် ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင် ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ပါသည်။