အထွေထွေ(လုပ်ငန်းအလိုက်လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်)
၁။ လိုင်စင်များလျှောက်ထားရာတွင်အချို့သောလုပ်ငန်းအမျိုးအစားများအတွက်သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ခွင့်ပြုလိုင်စင်/ထောက်ခံချက်များ လိုအပ်ပါသည်-
(ဥပမာအားဖြင့် အောက်ပါအတိုင်း ယှဉ်တွဲဖော်ပြပါသည်)-
စဉ် |
လုပ်ငန်းအမျိုးအစား |
လိုအပ်သည့်ခွင့်ပြုလိုင်စင်ထောက်ခံချက် |
၁။ |
ဆေးရုံ/ဆေးခန်း |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက် |
၂။ |
အင်တာနက်လုပ်ငန်း |
အင်တာနက်သုံးစွဲခွင့်အထောက်အထား |
၃။ |
မွေးမြူရေးနှင့် အအေးခန်းလုပ်ငန်းများ |
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက် |
၄။ |
စားသောက်ဆိုင် (အရက်၊ဘီယာတွဲရောင်း) |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက် (ယစ်မျိုးလိုင်စင်) |
၅။ |
အရက်ပုလင်းသွင်းလုပ်ငန်း |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက်(D.1.A) လိုင်စင် |
၆။ |
အရက်ချက်စက်ရုံများ |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက် |
၇။ |
အစားအသောက်ထုတ်လုပ်ခြင်းနှင့်ထုတ်ပိုးခြင်း လုပ်ငန်းများ |
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် လက်မှတ် (FDA) |
၈။ |
လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါးထုတ်လုပ်ခြင်း/ဖြန့်ဖြူးခြင်းလုပ်ငန်းများ |
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် လက်မှတ် (FDA) |
၉။ |
တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း |
တိုင်းရင်းဆေးပညာဦးစီးဌာန၏ခွင့်ပြုချက် |
၁၀။ |
ဓါတ်မြေသြဇာ၊ပိုးသတ် ဆေးနှင့်စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ခွင့်ပြုချက် |
၁၁။ |
ဆပ်ပြာအမျိုးမျိုးထုတ်လုပ် ခြင်း |
စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက် |
၁၂။ |
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း |
သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၏ခွင့်ပြုချက် |
၁၃။ |
မော်တော်ယာဉ်ထုတ်လုပ် ခြင်းလုပ်ငန်း |
စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် |
၁၄။ |
စက်မှု/လက်မှုလုပ်ငန်းငယ်များ |
ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် |
၁၅။ |
စက်ရုံ/အလုပ်ရုံများ |
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခွင့်ပြုချက် |
၁၆။ |
သစ်အရောင်း/သစ်ခွဲစက် |
သစ်ခွဲစက်လိုင်စင်နှင့် ခွင့်ပြုချက် |
၁၇။ |
အိမ်တွင်းစက်မှုလက်မှု |
အိမ်တွင်းစက်မှုလက်မှု မှတ်ပုံတင်လက်မှတ် |
၁၈။ |
ကိုယ်ပိုင်ကျောင်း |
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် (ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်) |
၁၉။ |
ကားအရောင်းပြခန်း |
စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်ခွင့်ပါမစ် မော်တော်ယာဉ်အရောင်းဌာန မှတ်ပုံတင်လက်မှတ် (ကညန) တိုင်းဒေသကြီးခွင့်ပြုချက် |
၂၀။ |
ဗီဒီယိုနှင့် KTV လုပ်ငန်းများ |
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ ခွင့်ပြုချက် |
၂၁။ |
မိတ္တူနှင့် ပုံနှိပ်လုပ်ငန်းများ |
ပြန်ကြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက် |
၂၂။ |
စက်သုံးဆီဆိုင် |
စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခွင့်လိုက်စင် (က/ခ)၊ စက်သုံးဆီကန်တည်ဆောက်ခွင့်၊ တိုင်းဒေသကြီးခွင့်ပြုချက် |
၂၃။ |
နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ |
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်MIC ခွင့်ပြုမိန့် |
၂၄။ |
ရွှေဆိုင်/ပန်းထိမ်လုပ်ငန်း များ |
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းဝင်လက်မှတ် |
၂၅။ |
သင်္ဘောလွန်းကျင်းများ |
လွန်းကျင်းမြေနေရာချထားသည့်ခွင့်ပြုချက် (ထွေ/အုပ်) လွန်းကျင်းမြေနေရာချထားသည့်ခွင့်ပြုချက် (ရေအရင်းအမြစ်) |
၂၆။ |
ကမ်းနားသဲ၊ကျောက် စုပုံလုပ်ငန်း |
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့် မြေအသုံးချမှုခွင့်ပြုချက် |
မှတ်ချက်။ Online ဖြင့် ဆောင်ရွက်၍ မရနိုင်သည့်အခါ လုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာ
မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် လူကိုယ်တိုင် သွားရောက်
လျှောက်ထားနိုင်ပါသည်။