အစားအသောက်လုပ်ငန်း လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသားဖြစ်ပါက ဗီဇာ/ပတ်စ်ပို့မိတ္တူနှင့်ကုမ္ပဏီအထောက်အထား
(ခ) အခွန်ဦးစီးဌာန၏ အခွန်ကြိုတင်ပေးဆောင်ပြီးကြောင်းအထောက်အထား
(ဂ) လိုအပ်ပါက အနီးစပ်ဆုံးပတ်၀န်းကျင်(၁၀)ဦး ထောက်ခံချက် (လိုအပ်ပါက)
၂။ Online Applicationလက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီးလိုအပ်ချက်မရှိပါက(၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ)လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော လုပ်ငန်းများအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြုမှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ပါသည်။