ကိုယ်ပိုင်စျေးလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ခြင်း 

၁။       Online မှ ကိုယ်ပိုင်စျေးလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

           ( က)    နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

           ( ခ)     ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ

           ( ဂ)      သက်ဆိုင်ရာမြို့နယ်လျှပ်စစ်၏ ထောက်ခံချက်

           ( ဃ)           အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား

 

      မှတ်ချက်။  (မီးဘေး/ လုံခြုံရေး/ သန့်ရှင်းရေး) ဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲထားရှိရမည်။

 

၂။        Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။ 

 

၃။       အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

 

၄။       ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။ 

Back to Top