ဘော်ဒါဆောင်လုပ်ငန်း လိုင်စင်များ သက်တမ်းတိုး လျှောက်ထားခြင်း
၁။ Online မှ ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော ဘော်ဒါဆောင်လုပ်ငန်းအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြု မှသာ သက်တမ်းတိုးမြှင့်ပေးမည် ဖြစ်ပါသည်။