ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ကြိုတင်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက် အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။