တည်ခိုခန်းလုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း

၁။          Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ် ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်မှတဆင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြား စာရရှိမှသာ အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

               (က)    လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ

              ( ခ)    လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ

             ( ဂ)    သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်

            (ဃ)    စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်

           ( င)   ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

          ( စ)    မြို့နယ်ထွေ/အုပ်၏ ထောက်ခံချက်

           ( ဆ)   သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်

           ( ဇ)   အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

 

၂။          တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။

၃။         တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၄။        ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်း​ဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ တည်းခိုခန်း လိုင်စင် ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

၅။         သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

 

Back to Top