အစားအသောက်လိုင်စင် (အသစ်)လျှောက်ထားခြင်း
(အစားအသောက်များတည်ခင်းရောင်းချခြင်း) နိုင်ငံခြားသား
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့်ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ကြိုတင်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။