စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း
၁။ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင်လျှောက်ထားပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်-
(က) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ကြိုတင်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်သုံးဆီ အရောင်းဆိုင် ခွင့်ပြုခြင်း အကြောင်းကြားစာ
( င) သတ္ထုတွင်း၀န်ကြီးဌာန၏ စက်သုံးဆီ သိုလှောင်ကန် ခွင့်ပြုမိန့်
( စ) စွမ်းအင်၀န်ကြီးဌာန၏ စက်သုံးဆီရောင်းချခွင့် လိုင်စင်
(ဆ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြု ကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ် လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။